“ထာ၀ရသုခ” Campaign ၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

“ထာ၀ရသုခ” Campaign (“Campaign”) တွင်ပါဝင်ခြင်းဖြင့် ပါဝင်သူများသည် စည်းမျဉ်းစည်းကမ်းများကို ကိုယ်တိုင်ဖတ်ရှု နားလည်ပြီဖြစ်ကြောင်းနှင့် လိုက်နာရန်သဘောတူညီပြီး ဖြစ်ကြောင်း မှတ်ယူသွားမည်ဖြစ်သည်။

“ထာ၀ရသုခ” Campaign ကာလ (“Campaign ကာလ”) သည် ဖေဖော်ဝါရီလ (၂၂) ရက်၊ ၂၀၂၄ ခုနှစ်မှ မတ်လ (၃) ရက်၊ ၂၀၂၄ ခုနှစ်အထိ ဖြစ်သည်။

Campaign တွင် ပါဝင်ရန် အဆင့်များ

၁။ သင်ချစ်ရတဲ့မိသားစုနဲ့ မေ့မရတဲ့အမှတ်တရလေးတစ်ခုအကြောင်းကို ပြောပြရင်း အဆိုပါအမှတ်တရပုံလေးနဲ့တွဲပြီး ပို့စ်တင်ပါ။

၂။ အဆိုပါပို့စ်တွင် #ChubbLifeMyanmar #ထာဝရသုခ စတဲ့ hashtags နှစ်ခုနဲ့အတူ public ဖြင့် တင်ပေးပါ။

၃။ တင်ပြီးတဲ့ပို့စ်ကို Screenshot ရိုက်ပြီး Chubb Life Myanmar Facebook ရှိ မူရင်းပို့စ်ရဲ့အောက်မှာ comment ပြန်လည်ပေးပို့ပေးရမည်။

အထက်ပါ လုပ်ဆောင်မှုများ ပြီးဆုံးသည်ထိပါ၀င်ပေးသူများအတွက် ဆုလက်ဆောင်အဖြစ် Brand-new Apple Watch Series 9 (1)လုံး (“ဆုလက်ဆောင်”) အား Chubb Life Myanmar မှ ကျပန်းမဲနှိုက် ‌ရွေးချယ်ပေးသွားမည်ဖြစ်သည်။

ကံထူးသူ ကျပန်းရွေးချယ်ခြင်းနှင့် အကြောင်းကြားခြင်း

၁။ Campaign ကာလပြီးဆုံးချိန်တွင် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသော ပါဝင်သူများထဲမှ ကံထူးသူတစ်ယောက်ကို ကျပန်း မဲနှိုက်ရွေးချယ်ပြီး ဆုလက်ဆောင်ပေးအပ်သွားမည်ဖြစ်သည်။ ဆုလက်ဆောင်ကံထူးသူကို ၂၀၂၄၊ မတ်လ (၁၅) ရက်နေ့တွင် Chubb Life Myanmar Facebook တွင် ကြေညာပေးပြီး ဆုလက်ဆောင်အား လာရောက်ထုတ်ယူနိုင်ရန် Facebook မှ တစ်ဆင့် အသိပေးအကြောင်းကြားသွားပါမည်။

၂။ ယခု Campaign တွင် ပါဝင်သူများသည် မိမိ၏ Post ကို Facebook ပေါ်တွင်တင်ခြင်းဖြင့် Chubb သည် ၎င်းတို့၏ ရေးသားမှုနှင့် ဓာတ်ပုံများကို စျေးကွက်ချဲ့ထွင်ခြင်း၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ရည်ရွယ်ချက်များအတွက် အခကြေးငွေတစ်စုံတစ်ရာ (သို့) အခြားတန်ဖိုးရှိသောအရာ (သို့) တန်ဖိုးတစ်စုံတစ်ရာမရှိသောအရာ ပေးရန်မလိုအပ်ဘဲ အသုံးပြုခွင့်ပေးရန်နှင့် ဆုရရှိသူ၏ Post ကို Chubb အမှတ်တံဆိပ်ကပ်ပြီး အသုံးပြုခွင့်ပေးရန် သဘောတူပြီးဖြစ်ပါသည်။

၃။ ဆုရရှိသူ တစ်ဦး အား Chubb Life Myanmar Facebook Page မှတစ်ဆင့် ကြေညာပေးသွားမည်ဖြစ်ပြီး မူရင်း Campaign post အောက်တွင်လည်း ကြေညာပေးသွားမည်ဖြစ်သည်။ အကယ်၍ ဆုလက်ဆောင် ကျပန်းမဲနှိုက်ရွေးချယ်ခံရသူကို ဆက်သွယ်၍ မရသည်ဖြစ်စေ၊ ဆုလက်ဆောင်ရရှိသူသည် Chubb ၏ အကြောင်းကြားမှုကို ကြေညာပြီးသည့်ရက်မှ ရက်ပေါင်း (၁၄) အတွင်း ပြန်လည်တုံ့ပြန်ခြင်းမရှိခဲ့ပါက ကံထူးရှင်အဖြစ်မှ အလိုအလျောက်ပျက်ပြယ်မည်ဖြစ်ပြီးအလိုအလျောက်ပျက်ပြယ်မည်ဖြစ်ပြီး ဆုလက်ဆောင်ရယူပိုင်ခွင့်ကို ဆုံးရှုံးမည်ဖြစ်သည်။ ထို့နောက် အစားထိုးအနေဖြင့် အခြားတစ်ယောက်ကို ထပ်မံကျပန်း‌ရွေးချယ်သွားမည်ဖြစ်သည်။ ဆုလက်ဆောင်ကို လက်ခံရယူမည့်သူသည် နည်းပညာအခက်အခဲကြောင့်ဖြစ်စေ၊ Facebook အ‌ကောင့် ယာယီအပိတ်ခံထားရခြင်းကြောင့်ဖြစ်စေ၊ အနိုင်ရရှိသူနေထိုင်သည့် နေရာဒေသတွင် အင်တာနက်မရရှိမှု၊ ပြတ်တောက်မှုကြောင့်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် Chubb ၏ အကြောင်းကြားမှုကို မရရှိခဲ့ပါက (သို့) Chubb ၏ အကြောင်းကြားမှုကို သတ်မှတ်အချိန်အတွင်း မတုံ့ပြန်နိုင်ခဲ့ပါက Chubb တွင် တာဝန်မရှိပါ

၄။ ကျပန်းကံထူးသူရွေးချယ်ခြင်းနှင့် ပတ်သတ်၍ Chubb ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပြီး ကန့်ကွက်မှုတစ်စုံတစ်ရာ မရှိစေရ။

၅။ ဤ Campaign ၏ ဆုလက်ဆောင်အစား အခြားအစားထိုးပေးလျော်မှု တစ်ရပ်ရပ်ဖြင့်သော်လည်းကောင်း၊ ငွေကြေးတစ်စုံတစ်ရာဖြင့်သော်လည်းကောင်း လဲလှယ်ခွင့်ပြုမည်မဟုတ်ပါ။ အကြောင်းကိစ္စ အမျိုးမျိုးကြောင့် ကံထူးသူထံသို့ ၎င်းရသင့်ရထိုက်သည့် ဆုလက်ဆောင်များကို ပေးအပ်နိုင်ခြင်း မရှိခဲ့ပါက Chubb သည် ယင်း ဆုလက်ဆောင်အစား အခြားသော တန်ဖိုးတူညီမျှသည့် ဆုလက်ဆောင်ပစ္စည်းတစ်ခုခုကို အစားထိုးပေးအပ်ပိုင်ခွင့် အပြည့်အဝရှိသည်။

၆။ Chubb သည် အခါအားလျော်စွာ ကြိုတင်၍အသိပေးအကြောင်းကြားရန်မလိုဘဲ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရပ်ဆိုင်းခြင်း စသည်တို့ကို လုပ်ဆောင်ပိုင်ခွင့်ရှိသည်။ ဤစည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ Chubb ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။