Campaign အကြောင်း

ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသူများ

(1) ၁ ဇန်နဝါရီ ၂၀၂၄ မှ ၂၈ ဇွန် ၂၀၂၄ အတွင်း Chubb Life Shield ပရီမီယံပေးသွင်းရမည့်ရက်အတွင်း ပေါ်လစီ သက်တမ်းတိုးသော လက်ရှိ customers များနှင့်

(2) Chubb Lifetime Elite (သို့) Chubb Life Shield ဝယ်ယူပြီး campaign ကာလအတွင်း စတင်အသက်ဝင်သော customer အသစ်များသည်

ပရီမီယံ ကျပ် ၆ သိန်းတိုင်းအတွက် Apple iPhone 15 Pro Max ကံထူးနိုင်ရန် ကံစမ်းခွင့် ၁ ကြိမ် ရရှိမည်ဖြစ်သည်။

ဥပမာ - 

≤ကျပ် ၆ သိန်း - ကံစမ်းခွင့် ၁ ကြိမ်

≥ကျပ် ၁၂ သိန်း - ကံစမ်းခွင့် ၂ ကြိမ်

≥ကျပ် ၁၈ သိန်း - ကံစမ်းခွင့် ၃ ကြိမ်

≥ကျပ် ၂၄ သိန်း - ကံစမ်းခွင့် ၄ ကြိမ် 

မှတ်ချက်။ Chubb Life Myanmar ၏ ဝန်ထမ်းများနှင့် အာမခံကိုယ်စားလှယ်များသည် ကံထူးသူရွေးချယ်ချိန်၌ ဤ Campaign တွင် အကျုံးမဝင်ပါ။

 

Campaign ကာလ

၁ ဇန်နဝါရီ ၂၀၂၄ မှ ၂၈ ဇွန် ၂၀၂၄ အတွင်း ပရီမီယံပေးသွင်းရမည့်ရက်အတွင်း သက်တမ်းတိုးသော ပေါ်လစီများနှင့် စတင်အသက်ဝင်သော ပေါ်လစီများ

 

ဆုလက်ဆောင်များ

Apple iPhone 15 Pro Max (၃) လုံး

 

ကံထူးသူ ကြေညာခြင်း

ဇူလိုင်လ ဒုတိယအပတ်တွင် Chubb Life Myanmar Facebook Page တွင် ကြေညာပေးသွားမည်ဖြစ်ပြီး ကံထူးသူများကို ဖုန်းဆက်၍လည်း အကြောင်းကြားပေးသွားမည်ဖြစ်သည်။

 

Campaign စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ ပါဝင်သူများသည် Chubb Life Shield (သို့) Chubb Lifetime Elite ကို campaign ကာလဖြစ်သော ၁ ဇန်နဝါရီ ၂၀၂၄ မှ ၂၈ ဇွန် ၂၀၂၄ အတွင်း ပရီမီယံပေးသွင်းရမည့်ရက်အတွင်း သက်တမ်းတိုး (သို့) ပေါ်လစီ စတင် အသက်ဝင်ရမည်ဖြစ်သည်။

၂။ ပရီမီယံ ၆ သိန်းကျပ်တိုင်းအတွက် ကံစမ်းခွင့် e-ကူပွန် ၁ စောင်ကို ရရှိမည်ဖြစ်သည်။

၃။ ကံထူးသူများကို ကျပန်းရွေးချယ်သွားမည်ဖြစ်ပြီး ၁၂ ဇူလိုင် ၂၀၂၄ တွင် Chubb Life Myanmar Facebook Page တွင် ကြေညာပေးသွားမည်ဖြစ်သည်။

၄။ သေဆုံးခြင်း၊ ထာဝစဥ်မသန်စွမ်းဖြစ်ခြင်းတို့အတွက် အကျိုးခံစားခွင့် တောင်းခံပြီးသော ပေါ်လစီများ အကျုံးမဝင်ပါ။

၅။ Chubb Lifetime Elite ‌ပေါ်လစီတွင် Excess Premium အဖြစ်ပေးသွင်းသော ပရီမီယံပေးသွင်းမှုများသည် ဤ Campaign တွင် အကျုံးမဝင်ပါ။

၆။ ဆုကြေညာမှုများကို Chubb Life Myanmar Facebook Page တွင် ဇူလိုင်လတွင် ပြုလုပ်သွားမည်ကို ပါဝင်သူများသည် သိရှိပြီးဖြစ်ပြီး သတ်မှတ်ထားသောကာလအတွင်း ဆုလက်ဆောင် လာရောက်မထုတ်ယူပါက ဆုလက်ခံရယူပိုင်ခွင့် ပယ်ဖျက်ခံရမည်ဖြစ်သည်။

၇။ ကံထူးသူများသည် Chubb ရုံးများတွင် ဆုလက်ဆောင်ကို လူကိုယ်တိုင် လာရောက်ထုတ်ယူရမည် ဖြစ်ပြီး ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်ပါက ကိုယ်စားလှယ်လွှဲစာဖြင့် အခြားသူတစ်ယောက်ကို ကိုယ်စား လာရောက်ထုတ်ယူခွင့်ရှိသည်။

၈။ ဆုလက်ဆောင်ထုတ်ယူရာတွင် တိုက်ဆိုင်စစ်ဆေးရန်အတွက် ကံထူးသူများ၏ အထောက်အထားများကို တင်ပြရန် Chubb မှ တောင်းဆိုပိုင်ခွင့်ရှိပါသည်။

၉။ ဤ Campaign ၏ ဆုလက်ဆောင်အစား အခြားအစားထိုးပေးလျော်မှု တစ်ရပ်ရပ်ဖြင့်သော်လည်းကောင်း၊ ငွေကြေးတစ်စုံတစ်ရာဖြင့်သော်လည်းကောင်း လဲလှယ်ခွင့်ပြုမည်မဟုတ်ပါ။ အကြောင်းကိစ္စ အမျိုးမျိုးကြောင့် ကံထူးသူထံသို့ ၎င်းရသင့်ရထိုက်သည့် ဆုလက်ဆောင်များကို ပေးအပ်နိုင်ခြင်း မရှိခဲ့ပါက Chubb သည် ယင်း ဆုလက်ဆောင်အစား အခြားသော တန်ဖိုးတူညီမျှသည့် ဆုလက်ဆောင်ပစ္စည်းတစ်ခုခုကို အစားထိုးပေးအပ်ပိုင်ခွင့် အပြည့်အဝရှိသည်။

၁၀။ Chubb သည် သတ်မှတ်ထားသော ဆုလက်‌ဆောင်အတွက် supplier မဟုတ်သလို Chubb တွင် ဆုများနှင့်ပတ်သက်၍ မည်သည့်ကိစ္စကိုမဆို တာဝန်မရှိပါ။ Chubb သည် အခါအားလျော်စွာ ကြိုတင်၍အသိပေးအကြောင်းကြားရန်မလိုဘဲ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရပ်ဆိုင်းခြင်း စသည်တို့ကို လုပ်ဆောင်ပိုင်ခွင့်ရှိသည်။ ဤစည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ Chubb ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

၁၁။ Chubb Life Myanmar ၏ ဝန်ထမ်းများနှင့် အာမခံကိုယ်စားလှယ်များသည် ကံထူးသူရွေးချယ်ချိန်တွင် ဤ Campaign တွင် အကျုံးမဝင်ပါ။

၁၂။ ဆုလက်ဆောင်ကံထူးသူများနှင့် ပတ်သက်၍ Chubb ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပြီး ကန့်ကွက်မှု တစ်စုံတစ်ရာ မရှိစေရ။