「 Chubb ဆိုတဲ့ နာမည်ဂုဏ်သတင်းဆောင်ကြည်းမှုဟာ အဆင့်မြင့်ဝန်ဆောင်မှုပေးခြင်း၊ အာမခံနိုင်မှုနဲ့ လုပ်ငန်း အကောင်အထည်ဖော်နိုင်မှု စတဲ့ကတိများကို ဖော်ဆောင်ပေးပါတယ်။ ကမ္ဘာရဲ့ ဘယ်နေရာမှာမဆို ကျွန်တော်တို့ရဲ့ တစ်မူထူးခြားတဲ့ လူ့စွမ်းအားအရင်းအမြစ်၊ ပေးစွမ်းနိုင်တဲ့ အာမခံ ဝန်ဆောင်မှုတွေနဲ့ပေါင်းစည်းပြီး client များရဲ့လိုအပ်ချက်များပြည့်စုံအောင် ဖြည့်စွမ်းပေးပါတယ်။ 」
Chubb ကို လူတွေ ဘာလို့ ရွေးချယ်ကြတာလဲ။ အဖြေကတစ်ခုတည်းမဟုတ်ဘဲ အကြောင်းရင်းအများကြီးရှိပါတယ်။
တာဝန်သိ Global Citizenship ဖြစ်ခြင်းသည် ကျွန်ုပ်တို့လုပ်ကိုင်နေထိုင်နေသော ကျွန်ုပ်တို့၏ ယဉ်ကျေးမှု၊ စီးပွားရေးလုပ်ငန်းနှင့် လူ့အဖွဲ့အစည်းများတွင် ထင်ဟပ်လျက်ရှိသည်။
Regional Day of Service: Chubb ဖိလစ်ပိုင်
လူ့အဖွဲ့အစည်းသို့ အကျိုးပြုလုပ်ဆောင်မှုများပြုလုပ်ပေးခြင်းသည် လူ့အဖွဲ့အစည်း၊ ကျွန်ုပ်တို့ဝန်ထမ်းများနှင့် ကုမ္ပဏီအပေါ် ရေရှည်တည်တံ့သော အကျိုးကျေးဇူးများရရှိသည်ဟု ယုံကြည်ထားသည်။ Chubb သည် ပရဟိတအဖွဲ့အစည်းများနှင့် ကုမ္ပဏီမှ ပံ့ပိုးထောက်ပံ့ထားသည့် အကျိုးပြုလုပ်ဆောင်ချက်များမှတစ်ဆင့် တစ်ကမ္ဘာလုံးမှာရှိသော လူ့အဖွဲ့အစည်းများကို ကူညီပေးလျက်ရှိသည်။ Chubb ပရဟိတဖောင်ဒေးရှင်းသည် ပညာရေး၊ ဆင်းရဲမွဲတေမှု၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အစရှိသည့် နယ်ပယ်တို့အတွက် ရန်ပုံငွေများ ထောက်ပံ့ပေးလျက်ရှိသည်။
ကမ္ဘာ့အကြီးဆုံး ရေရှည်တည်တံ့ရေးလုပ်ဆောင်ချက်ဖြစ်သော United Nations Global Compact ကို Chubb မှ တက်ကြွစွာ ထောက်ပံ့ပေးလျက်ရှိသည်။ လူ့အခွင့်အရေး၊ အလုပ်သမား၊ ပတ်ဝန်းကျင်နှင့် အကျင့်ပျက်ခြစားမှုအစရှိသည်တို့နှင့်ပတ်သက်သော UN Global Compact ၏ နိယာမ ၁၀ ချက်နှင့်အညီ လုပ်ငန်းလည်ပတ်ရန် လုပ်ဆောင်လျက်ရှိသည်။ ဤနိယာမများမှာ ကျွန်ုပ်တို့၏ ပင်မတန်ဖိုးများဖြစ်သည့် Global Citizenship နှင့် ပတ်ဝန်းကျင်ဆိုင်ရာတာဝန်ရှိမှုတို့ကို ထင်ဟပ်ပြသနေခြင်းဖြစ်သည်။
၂၀၀၀ ခုနှစ်မှစတင်ခဲ့သော UN Global Compact သည် CEO ၏ ကမ္ဘာလုံးဆိုင်ရာရေရှည်တည်တံ့ရေးနိယာမကို အကောင်အထည်ဖော်နိုင်ရေး ကတိကဝတ်အတွက် ပရဟိတပဏာမခြေလှမ်းပင်ဖြစ်သည်။
Chubb ကုမ္ပဏီ၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ တိုးတက်လာစေရန်နှင့် ပိုမိုအားကောင်းလာစေရန်အတွက် အဖွဲ့အစည်းများအားကူညီပံ့ပိုးကာ တစ်ကမ္ဘာလုံး တရားဥပဒေစိုးမိုးရေး တိုးတက်လာစေရန်ဆောင်ရွက်မည်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းကို Chubb ဥပဒေပညာရှင်များမှ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းကို Chubb ဥပဒေပညာရှင်များမှ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
တာဝန်သိစီးပွားရေးအလေ့အကျင့်များအတွက် ကျွန်ုပ်တို့ ကတိကဝတ်များနှင့် Chubb အကြောင်း ပိုမိုသိရှိလိုလျှင် corporate website တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။